Myanmar

Clearing House Mechanism

မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း လျော့တိုက်ငါးဖမ်းရ ပြင်ဆင်နေသည့် တရားခံများနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခြင်း

ပူးပေါင်းအဖွဲ့ဖြင့် ကင်းလှည့်စစ်ဆေးစဉ် ၁၀-၁-၂၀၂၀ ရက်နေ့၌ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်းရှိ ပေါတောကွင်း လှေဆိပ်တွင် အင်းအတွင်းရှိ ငါးများအား လျော့တိုက်ဖမ်းဆီးရန် ပြင်ဆင်နေသူ လူ (၂)ဉီးအား ငါးလျော့တိုက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဘုရားကြီးရဲစခန်း၌ အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပါသည်/

အလားတူ ပေါက်တောကွင်းအတွင်း၌ပင် အဆိုပါရက်နေ့ ညနေပိုင်း၌ ငါးလျေ     ာ့တိုက်ဖမ်းဆီးရန် ပြင်ဆင်နေသည့် အဖွဲ့အား တွေ့ရှိ၍ လိုက်လံဖမ်းဆီးရာ လူများမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပြီး စက်တပ်လှေ (၆)စီး၊ လျော့တိုက်ရန်အတွက် ဘက်ထရီအိုး ၂၀ လုံးနှင့် လျော့တိုက်စက်များအပါအတွင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဘုရားကြီးရဲစခန်း၌ အမှုဖွင့်လှစ်ထားရှိပါသည်။