Myanmar

Clearing House Mechanism

တောဆင် (၁) ကောင် သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ပါဝင်ပတ်သက်သူ တရားခံပြေး (၁)ဦးအား ထပ်မံဖမ်းဆီးရမိခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျောက်ချောင်းကြီးကြိုးဝိုင်း၊ အကွက်အမှတ်(၂၉)၊ သင်္ကန်းချောင်း၊ ခန့်မှန်းမြေပုံအညွှန်း FP 710770  နေရာတွင်  ၁၂−၂−၂၀၁၇ ရက်နေ့၌ တောဆင်သတ်ဖြတ်ရာတွင် ပါဝင်သူ တရားခံ သိန်းကျော်နှင့် မြင့်ဦးတို့ အပါအဝင် (၁၁)ဦးအား သာပေါင်းမြို့နယ်၊ မြို့မရဲစခန်း၌တွင် အမှု အမှတ် (ပ)၅၉/၁၆ ဖြင့် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ” ပုဒ်မ ၃၇(က)ဖြင့် တရားစွဲ ဆိုခဲ့ပြီး  တရားခံ (13)ဦးအနက် ထွက်ပြေးလွတ်မြောက်နေသည့် တရားခံ မြင့်ဦးအား သာ ပေါင်းလေးကျေးရွာထိပ်ရှိ တဲအတွင်းမှ ၁၇−၅−၂၀၂၀ ရက်နေ့၌ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးနိုင်ခဲ့ပြီး သာပေါင်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးသည် တောဆင် သတ်ဖြတ်ခံရမှု ကောင်ရေ အများဆုံး တိုင်းဒေသကြီးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ မှ ၂၀၂၀ ပြည့်နှစ် မေလကုန်အထိ စုစုပေါင်း (၇၄) ကောင် သတ်ဖြတ်ခံထားရပါသည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF-Myanmar) ၏ နည်း ပညာနှင့် ရန်ပုံငွေပံ့ပိုးမှု၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် တောဆင်များ သတ်ဖြတ်ခံရမှုမရှိစေရေး ကင်းလှည့် ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင် ဆောင်ရွက်ခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း တောဆင်သတ်ဖြတ်ခံရမှု တစ်ဖြည်းဖြည်းလျေော့ကျ လာခဲ့ပါသည်။