Myanmar

Clearing House Mechanism

ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ မြန်မာ့ရွှေသမင် စာရင်းကောက်ယူခြင်းနှင့် အကောင်ရေ တွက်ချက်ဆန်းစစ်ခြင်းဆိုင်ရာ မွမ်းမံသင်တန်း ကျင်းပခြင်း

  • မြန်မာ့ရွှေသမင် စာရင်းကောက်ယူခြင်းနှင့် အကောင်ရေ တွက်ချက်ဆန်းစစ်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ရွှေသမင်စာရင်းကောက်ယူခြင်းနှင့် အကောင်ရေ တွက်ချက် ဆန်းစစ်ခြင်းတွင် ခေတ်မီနည်းစနစ်များ ပေါင်းစပ်ထည့်သွင်း အသုံးပြုနိုင်ရန်၊ ပိုမိုတိကျ မှန်ကန်မှုရှိသည့် ရွှေသမင်အကောင်အရေအတွက် ခန့်မှန်းတွက်ချက်နိုင်ရန်၊ လက်ရှိ စာရင်း ကောက်လိုင်းများ၏ ဒီဇိုင်းပုံစံများအား စိစစ်သုံးသပ်၍ ပိုမိုသင့်လျော်မည့် စာရင်းကောက်လိုင်း ပုံစံများဖြင့် အစားထိုးနိုင်ရန်နှင့် ရွှေသမင်စာရင်းကောက်လုပ်ငန်း ဆောင်ရွက်သည့် ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပါသည်။
  • အဆိုပါသင်တန်းသို့ ချပ်သင်းနှင့် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့မှ ရွှေသမင်စာရင်းကောက်ယူခြင်း လက်တွေ့ ဆောင်ရွက်နေသည့် ထိန်းသိမ်းရေး ဝန်ထမ်း စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ပြီး သင်ခန်းစာများကို သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မြန်မာနိုင်ငံအစီအစဉ်တို့မှ ကျွမ်းကျင်သူများ သင်ကြားပေးခဲ့ပါသည်။
  • ပါသင်တန်းသို့ ချပ်သင်းနှင့် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့မှ ရွှေသမင်စာရင်းကောက်ယူခြင်း လက်တွေ့ ဆောင်ရွက်နေသည့် ထိန်းသိမ်းရေး ဝန်ထမ်း စုစုပေါင်း (၁၀)ဦး တက်ရောက်ခဲ့ပြီး သင်ခန်းစာများကို သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မြန်မာနိုင်ငံအစီအစဉ်တို့မှ ကျွမ်းကျင်သူများ သင်ကြားပေးခဲ့ပါသည်။
  • သင်တန်းကာလအတွင်း ခွာပါတောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၏ ကျက်စားနေထိုင်မှု ဓလေ့စရိုက်များ၊ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ စာရင်းကောက်ယူ ရရှိ သည့် အချက်အလက်များကို အသုံးပြု၍ Distance Sampling နည်းကို အသုံးပြု၍ ကောင်ရေ ခန့်မှန်းတွက်ချက်နိုင်မှုများ၊ Distance Sampling ကို အသုံးပြု၍ ကောင်ရေတွက်ချက်ခြင်း ဆောင်ရွက်သည့် လုပ်ငန်းများ၊ ရွှေသမင်များ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဆောင်ရွက် ရာတွင် လိုက်နာရမည့် အချက်အလက်များ၊ ဆောင်ရန်/ရှောင်ရန်များ၊ ကွင်းဆင်း လုပ်ငန်းသုံး ပစ္စည်းများ လက်တွေ့အသုံးပြုမှုများနှင့် စာရင်းကောက် လုပ်ငန်းသုံးပစ္စည်းများ ကိုင်တွယ် အသုံးပြုမှု လက်တွေ့ ဆောင်ရွက်ခြင်းတို့ကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ပါသည်။