Myanmar

Clearing House Mechanism

မြန်မာနိုင်ငံရှိ ဂေဟစနစ်များနှင့် မျိုးစိတ်များ၏ အနီရောင်အဆင့် သတ်မှတ်မှုအပေါ်အခြေခံ၍ အရေးကြီးဇီဝမျိုးစုံမျိုးကွဲနယ်မြေများ ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံရှိ ဂေဟစနစ်များနှင့် မျိုးစိတ်များ၏ အနီရောင်အဆင့် သတ်မှတ်ထားရှိမှုအပေါ်အခြေခံ၍ အရေးကြီးဇီဝမျိုးစုံမျိုးကွဲနယ်မြေများ (Key Biodiversity Area-KBA) ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၁၁-၁၂-၂၀၁၉ ရက် (၀၉:၀၀)နာရီဟိုတယ်အမရာ၊ နေပြည်တော် တွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

 

     

အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ အရာရှိကြီးများ ၊ ဆက်စပ်အစိုးရဌာနများ မှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း INGO/NGOs မှ ကျွမ်းကျင်ပညာရှင်များ၊ တက္ကသိုလ်များမှ အသိပညာ/ အတတ်ပညာရှင်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။ ဆွေးနွေးပွဲကို ၁၁−၁၂−၂၀၁၉ ရက်မှ ၁၂−၁၂−၂၀၁၉ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည် ဖြစ်ပါသည်။