Myanmar

Clearing House Mechanism

ဘူမိဥယျာဉ် (National Geopark) ဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့သည် ပုပ္ပါးတောင်ဒေသအား ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အဖြစ် သတ်မှတ်ခံရရေး  ပူးပေါင်းဆောင် ရွက်လျက်ရှိရာ ၁၄-၁-၂၀၂၀ ရက်နေ့၌ “ဘူမိဥယျာဉ် (National Geopark) ဆိုင်ရာ လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေး” ကို ညွှန်ကြားရေးမှူးချုပ်ရုံး၊ သစ်တောဉီးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

စည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက တက်ရောက်အမှာစကားပြောကြားခဲ့​ပြီး တိင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ သစ်တောဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ အခြားဌာနများမှ ကိုယ်စားလှယ်တော်များနှင့် FFI မှ ကိုယ်စားလှယ်၊ စုစုပေါင်း(၃၅)ဉီးတို့က တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး၌ ပုပ္ပါးတောင်ဥယျာဉ်အား အမျိုးသားအဆင့်ဘူမိဥယျာဉ် (National Geopark) အဖြစ် သတ်မှတ်နိုင်ရေး အဓိကထား ဆွေးခဲ့ကြပြီး ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အဖြစ် သတ်မှတ်ခံရရေး ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

သမိုင်းအကျဉ်း

ဘူမိဥယျာဉ် (Geopark) များ သတ်မှတ်ရာတွင် မူဝါဒဆိုင်ရာလုပ်ငန်းများနှင့် လိုအပ်သည့် လမ်း ညွှန်ကြီးကြပ်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၈-၈-၂၀၁၉ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် ၅၂/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

  • ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် လုပ်ငန်းများကို ကြီးကြပ်နိုင်ရန် အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီအောက်တွင် ဒုတိယဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီအား ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၉-၁၁-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၄၅/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
  • မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ လေ့လာမှုအရ Geopark အဖြစ် သတ်မှတ်ခံရရန် အလားအလာရှိ သောနေရာများတွင် ပုပ္ပါး၊ အင်းတော်ကြီး၊ တွင်းတောင်၊ ပင်းတယ၊ အင်းလေး၊ ဇွဲကပင်၊ ခါကာ ဘိုရာဇီ၊ ပူတာအို၊ ဟူးကောင်း၊ လန်ပိတို့ပါဝင်ပြီး ၎င်းတို့အနက် ပုပ္ပါးတောင်ဒေသအား အလား အလာအရှိဆုံးနေရာအဖြစ် ပညာရှင်များက ခန့်မှန်းထားပါသည်။
  • ဘူမိဥယျာဉ် (Geopark) များ သတ်မှတ်ရာတွင် မူဝါဒဆိုင်ရာလုပ်ငန်းများနှင့် လိုအပ်သည့် လမ်း ညွှန်ကြီးကြပ်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၈-၈-၂၀၁၉ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် ၅၂/၂၀၁၉ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။