Myanmar

Clearing House Mechanism

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ (Protected Areas)  တွင် တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်အား အောင်မြင်စွာ အကောင် အထည်ဖော်ရေးအတွက် ဥယျာဉ်/ဘေးမဲ့တောများမှ ကွင်းဆင်းဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းကို ၂-၁၂-၂၀၁၉ ရက် (၀၉:၀၀)နာရီ အချိန်တွင် ဟိုတယ်အမရာ၊ သစ်တောဦးစီးဌာန၊ သစ်တာသုတေသနဌာန (ရေဆင်း)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ အရာရှိများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့-WCS (မြန်မာနိုင်ငံအစီအစဉ်)မှ ကိုယ်စားလှယ်များ၊ ဥယျာဉ်/ဘေးမဲ့တောများမှ တောအုပ်ကြီး၊ တောအုပ် အဆင့် သင်တန်းသား(၂၂)ဦးတို့က တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကို ၂−၁၂−၂၀၁၉ ရက်နေ့မှ ၁၃−၁၂−၂၀၁၉ ရက်နေ့အထိ (၁၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

        

၁။       အခြားကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အမျိုးမျိုးသော ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းရေးဆိုင်ရာ အဓိကမူဝါဒအဖြစ် သဘာဝဝထိန်းသိမ်ရေးနယ်မြေများသတ်မှတ် ထိန်းသိမ်းလျက်ရှိပါသည်။

၂။       ဥယျာဉ်/ဘေးမဲ့တော ၁၉ ခုအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်း စီမံချက်များကို ရေးဆွဲခဲ့ပြီး ၎င်းစီမံချက်များကို စုစည်းပြီး Re-establishing Natural Habitat Programme- RNH နေရင်းဒေသပြန်လည်တည်ထောင်ရေး အစီအစဉ် (Re-establishing Natural Habitat Programme- RNH) (၁၀) နှစ်စီမံကိန်းကို ရေးဆွဲခဲ့ပါသည်။

     

၃။       နေရင်းဒေသပြန်လည်တည်ထောင်ရေးစီမံချက်ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) (၂၀၁၈-၂၀၃၀) နှင့် ချိတ်ဆက်ခဲ့ကာ စီမံကိန်းဘဏ် “Project Bank” တွင် ထည့်သွင်းခဲ့ပြီး RNH (၂၀၁၉-၂၀၂၀ ဘဏ္ဍာ မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာအထိ) (၁၀) နှစ် စီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။

၄။       နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက်စီမံကိန်းဖြစ်သည်နှင့်အညီ RNH စီမံကိန်းကို အပြည့်အဝအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး နော်ဝေနိုင်ငံအစိုးရအဖွဲ့၏ ရန်ပုံငွေ ထောက်ပံ့ပေးမှုဖြင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

       

၅။       သစ်တောဦးစီးဌာန၊ ဝန်းကျင်/သားငှက်ဌာန၊ ဘဏ္ဍာရေးဌာန၊ မိုးယွန်းကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ပိတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ မြန်မာနိုင်ငံအစီအစဉ်မှ သင်တန်းဆရာ (၁၂) ဦးတို့က သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ကြပါသည်။

၆။       သင်တန်းများသို့ ဥယျာဉ်/ဘေးမဲ့တော (၁၈) ခု (ပိတောင်၊ ရခိုင်ဆင်၊ ချပ်သင်း၊ ပုပ္ပါး၊ ရွှေဥဒေါင်း၊ ခါကာဘိုရာဇီ၊ ဟူးကောင်း၊ အလောင်းတော်ကဿပ၊ နတ်မတောင်၊ ပန်းလောင်နှင့် ပြဒါးလင်းဂူ၊ ရွှေစက်တော်၊ ထမံသီ၊ ကျိုက်ထီးရိုး၊ မင်းစုံတောင်၊ မိန်းမလှကျွန်း၊ အင်းလေး၊ မိုးယွန်းကြီး၊ အင်းတော်ကြီး) တို့မှ တောအုပ်နှင့် တောအုပ်ကြီးဝန်ထမ်းများ စုစုပေါင်း (၂၂) ဦး တက်ရောက်ကြပါသည်။

        

၇။       သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ Power Point များဖြင့် ရှင်းလင်းပို့ ချခြင်း၊ မေးမြန်းဆွေးနွေးခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ပါသည်။