Myanmar

Clearing House Mechanism

"မြန်မာ့ရွှေသမင်များ မျိုးသုဉ်းမပျောက်ကွယ်ရေး ဝိုင်းဝန်းထိန်းသိမ်းပေး"ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် သမင်ထောင်ချောက်ကြိုးကွင်းများ သိမ်းဆည်းရမိခြင်း

ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဦးဝင်းဇော်လွန်း (တောအုပ်ကြီး)၊ ဦးဆောင်သော ကင်းလှည့်ထိန်းသိမ်းရေးအဖွဲ့သည် ဘေးမဲ့တောဧရိယာအတွင်း ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ခန့်မှန်းမြေပုံ အညွှန်း GB 601047 နေရာ၌ ထောင်ချောက် တန်း ဆင်ထားသည့် သမင်လည်တိုးထောင်ကွင်း (၅၁၈)ကွင်းနှင့် ထောင်တန်း သွပ်နန်း ကြိုးအရှည် (၁,၂၀၀)ပေ ခန့်အား တို့ကို ၅−၅−၂၀၂၀ ရက်နေ့၌ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါနေရာမှ သမင် သွေးကွက်များ၊ အရေခွံနှင့် အမွေးများ၊ ဦးချို(၁)စုံအား စစ်ဆေး တွေ့ရှိရသဖြင့် သမင်အထီး(၂)ကောင်နှင့် အမ (၂)ကောင် သတ်ဖြတ်ခြင်း ခံခဲ့သည်ဟု ထိန်းသိမ်းရေးဝန်ထမ်းများမှ ယူဆခဲ့ကြပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြည်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်အရ ချပ်သင်းဘေးမဲ့တောတွင် ကင်းလှည့် ထိန်းသိမ်း ခြင်း လုပ်ငန်း (၂၄၀) ယူနစ် လျာထားခဲ့ရာ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်အထိ (၁၄၀) ယူနစ် ဆောင်ရွက်ပြီးဖြစ်ရာ မြန်မာ့ရွှေသမင်များသည် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့၌သာ တွေ့ရှိရသည့် မြမာ့ဒေသရင်းမျိုးစိတ်ဖြစ်ကာ ထပ်မံသတ်ဖြတ်ခံရမှု မရှိစေရေးအတွက် ကင်းလှည့်ထိန်းသိမ်းခြင်းနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟိုမြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA) တို့ ပူးပေါင်းဆောင်ရွက်သည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအား စီမံကိန်းဧရိယာ တစ်ခုအဖြစ် ရွေးချယ်ခဲ့ပြီး၊ အုပ်ချုပ် လုပ်ကိုင်မှုစီမံချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဘေးမဲ့ တောအတွင်း ဇုန်နယ်မြေအလိုက် လည်ထိုးကွင်းနှင့် ခြေနင်းကိုင်းများ ရှိ/မရှိ စစ်ဆေး ဖယ်ရှားခြင်း၊ အမဲလိုက်မုဆိုးများ၏ အခြေအနေကို သတင်းရယူ စုံစမ်းခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

“မြန်မာ့ရွှေသမင်များ မျိုးသုဉ်းမပျောက်ကွယ်ရေး ဝိုင်းဝန်းထိန်းသိမ်းပေး”